“ တစ်ယောက် တစ်လက် ဝိုင်းလို့ကူ၊ ဂေဇက်ရွာကြီး ကောင်းဖို့ ကောင်းဖို့ ”

Swal Taw YwetMarch 5, 20123min24225

ဒီရက်ပိုင်း ကဗျာလေးတစ်ပုဒ်ကို သတိရနေမိတယ် တစ်ပိုင်းတစ်စ စီဘဲမှတ်မိတော့တယ်
ဒီလိုလေးတွေပါတယ် ……..
– အုန်းထန်းပေလက် တမာရွက်တို့
ငွေစက်ငွေပြောက် ငွေရည်သောက်၏

– တရံတခါ လေအလာတွင်

ရွာဝင်ပေါင်းကူးတံတားဦးမှ

ဆိပ်ဖလူးနံ့ ရွာလုံးပျံ့၏

 

– သူကြီးအိမ်မြောက် ရွာသားဆောက်သည့်

ကွန်းထောက်ခိုရာ ကွပ်ပျစ်သာဝယ်

ရွာမှသက်ကြား ရွယ်အိုများတို့

စကားဆိုမြည် ဝိုင်းကြီးစည်၏

 

ရှမ်းပြည်မြေပဲ ထန်းလျှက်ခဲနှင့်??

………………????

 

ဤနေရာကား ရွာ၏အရေး

ရှေ့နောက်တွေး၍ ဆွေးနွေးကြရာ

ဘုံရိပ်သာတည့်။

 

အစပိုင်း        ကျန်နေအုံးမယ်………………..

အလယ်ပိုင်း   –လိုနေသေးတယ်……………

အဆုံးသတ်    –မမှတ်မိတော့ပါ။

 

အခုဂေဇက်မှာတင်လိုက်ပြီဆိုတော့ ရွာသူရွာသားတွေ ဝိုင်းဝန်းဖြည့်ဆည်းပေးလိုက်ရင် တစ်ပုဒ်လုံး အပြည့်ပြန်

မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျနော်တို့ မန ္တလေးဂေဇက်ကိုလည်း ရွာကြီးတစ်ရွာလိုပဲ သတ်မှတ်နိုင်တာ ကလား?

ပျော်စရာကောင်းလှတဲ့ ရွာကြီးတစ်ရွာဖြစ်လာတာမို့ မဝင်ရမနေနိုင် ဂေဇက်ရောဂါလို့တောင် တင်စားသူတွေ ရှိနေပါပြီ။ သူတစ်မျိုး ငါတစ်ဖုံ စကားတွေစုံပေမဲ့ ခိုက်ရန်ဖြစ်ပွားမှုနည်းပါး အငြင်းစကားလောက်နဲ့ဘဲ ခင်မင်မှုတွေပွားများစေခဲ့တဲ့ ရွာကြီးပါ။

ကိုယ်စီကိုယ်စီ ဟင်းစုံယူလာခဲ့ကြပြီး ကိုယ့်ဟင်းသူနှိုက်၊ သူ့ဟင်းကိုယ်စား အများစုဆုံ ဘုံအလှူကြီးလို့လဲ တင်စားကြပါရဲ့။ ဝက်၊ ကြက်၊ အမဲ၊ ဟင်းစုံတွေထဲ အတို့အမြုပ် ၊အချဉ်အစပ် ၊ငါးပိရေကြိုကလေး ၊သီးစုံချဉ်ရည်လေး၊ အသုတ်စုံ၊ အကြော်စုံနဲ့ အပြင်မှာမရှိနိုင်တဲ့ အရသာစုံ ဘူဖေးအလှူကြီးပါဗျာ။ ဒါ့ကြောင့်လည်း ဂေဇက်မှာ လူစည်နေတာမို့ ဂုဏ်ယူမိပါတယ်။

အမူးသမား၊ ကန့်လန့်သမားများ တစ်ခါတစ်လေမှသာ ရောက်လာပေါက်လာတတ်တာမို့ သူကြီးရဲ့ နှစ်လုံးပြူးလည်း မောင်းတင်စရာမလို၊ သေနတ်ဆီ  သုတ်ပြီး အလှချိတ်ထားရတာ ကြာတောင်ကြာလှပေါ့။

ဂေဇက်က စာတွေကို တန်ဘိုးထားလွန်းလို့ ဘယ်လိုသိမ်းဆည်းရမလဲလို့အကြံအိုက်နေရသူကကျနော်ပါပဲ။

လောလောဆယ်တော့ ရိုးရိုးစင်းစင်း ပို့စ်တစ်ခုလုံးကို Select လုပ် Copy နှိပ်- Micro Soft Office Word မှာ သွားပြီး Paste လုပ်တဲ့နည်းနဲ့ သိမ်းထားနေရပါတယ်။ တခြား Web Site တစ်ချို့လို Mail နဲ့ Send လို့ရ၊ Share လို့ရအောင်ဖြစ်ဖြစ်၊ Save As PDF ဖြစ်ဖြစ် လွယ်လွယ်ကူကူ ကူးထား၊ သိမ်းထားနိုင်အောင် စီစဉ်နိုင်ရင် စီစဉ်ပေးဖို့ သူကြီးကိုလည်းတင်ပြလိုပါတယ်။

E-Book အထိ ထုတ်ဝေနိုင်ရင်အကောင်းဆုံး ဖြစ်မယ်လို့လည်း အိမ်မက်မက်နေမိပါတယ်။

ငွေကြေးပိုင်း၊နည်းပညာပိုင်း ဘယ်လိုအခက်အခဲ ရှိမယ်ဆိုတာတော့ ကိုယ့် FIELD မဟုတ်လို့ မသိပါခင်ဗျာ။

POST ကိုတိုက်ရိုက် PRINT ထုတ်ပေးနိုင်မဲ့ Printer Access လေးပါ ပါမယ်ဆို လွှတ်ကောင်းပေါ့။

အဲ့ဒီလိုမှတ်တမ်းတင်လို့ ရနိုင်မယ်ဆိုရင် မှတ်တမ်းတင်ရလောက်အောင်ကောင်းတဲ့ ဂေဇက်စာမျက်နှာတွေ ဖြစ်လာစေချင် ပါသေးတယ်။ ပို့စ်တွေဟာ အဓိပါယ်ရှိ၊ တန်ဘိုးရှိ နေစေချင်တာပါ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ လူမျိုးစုံတဲ့ ဒီဂေဇက်မှာ စာမျိုးစုံတာ သဘာဝပါ၊ (အဲဒါလေးတွေချစ်နေရတာ)

အဲဒီ့စာတွေကို အရသာရှိ၊အဆင့်ရှိ နေစေချင်လို့ပါ။

ဂေဇက်အလှူမဏ္ဍပ်ကြီးကိုလာကြတဲ့သူတွေ ယူလာသမျှသည် “ ဟင်း ”တစ်ခုအဖြစ် ပီပီသသဖြစ်စေချင်ပါတယ်။

မှန်ရောင်ဟင်းချိုမှန်းမသိ၊ လက်ဆေးရေမှန်းမသိ အမျိုးအမည်မသိတဲ့ အရာတွေ ပါမလာစေချင်တာပါ။

ဖတ်ပြီးသွားရင် စာဖတ်သူတွေအတွက် တစ်ခုခုကျန်နေစေခဲ့မယ့် (ဖတ်မိတာမှားပြီ ဆိုတဲ့နောင်တတော့ မကျန်စေလိုပါ) စေတနာပါသော စာမျိုးတွေပဲ ရေးတင်ကြစေလိုပါတယ်။

သတင်းဆို သတင်း ပီပီသသ တင်ပေးကြပါ။ အချက်အလက် ပြည့်စုံမှန်ကန်ဖို့လိုပါတယ်။ ခိုင်မာဘို့လိုပါတယ်။ ယုံကြည်စရာ လက်ခံနိုင်လောက်စရာ ဖြစ်ဘို့ ရိုးသားမှုလည်း လိုအပ်ပါတယ်။တင်တဲ့သူအနေနဲ့ ဂုဏ်သိက္ခာ မြင့်သည်ထက် မြင့်စေဘို့ (စာပေစကားနဲ့ပြောရရင် ကလောင်တန်ဘိုး တက်စေဘို့) အမှန်အကန်တွေပဲဖြစ်စေလိုပါတယ်။ အဲဒီလို အမှန်အကန်သတင်းတွေ များများတင်နိုင်လာလေ

ကျနော်တို့ချစ်တဲ့ မန ္တလေးဂေဇက်ကြီး ဂုဏ်မြင့်လာလေ ဖြစ်လာမှာပါ။

ဒီဂေဇက်မှာပျော်နေကြတဲ့ ရွာသူရွာသား ကျနော်တို့ပါ ဂုဏ်ယူဝံ့ကြွားနိုင်ကြမှာပါ။

ရေးသားနည်း တွေလဲ အပြည့်အစုံ ဖေါ်ပြ ထား GUIDE LINE ပေးထား တဲ့အတွက် အရင်ဆုံး ကြိုတင် ဖတ်ရှု နားလည်အောင်လေ့လာပြီးမှ Post တင်စေလိုပါတယ်။

တိကျမှုမရှိတဲ့ -ဘာကိုဆိုလိုမှန်းမသိတဲ့ ပို့စ်တွေ -တစ်ကြောင်း နှစ်ကြောင်းပါတဲ့ ပို့စ်တွေ တင်ပြီးသူကြီးရဲ့ SERVER  ကိုဒုက္ခမပေးစေချင်ပါဘူး။ ဟိုတစ်လောကဆရာသစ်ရဲ့  “ဦးတည်ချက်ခေါင်းစဉ်တစ်ခုထား ဝိုင်းဝန်းဆွေးနွေး အကြံပြုနိုင်အောင် Sticky လုပ်ပေးစေချင်ကြောင်း”  Post လေးမှာ နားလည်မှုတွေလွဲပြီး Comment တွေ အပြန်အလှန်ပေးကြတုန်းက သူကြီးက SERVER နဲ့ MEMORY အသုံးနဲ့ကို စိတ်မပူကြဘို့ ပြောခဲ့ဘူးပါတယ်။ ဒါပေသိ ဒီရက်ထဲမှာ အခုလို သူကြီးညည်းချင်းလေးတွေ တွေ့လာရလို့ပါ။

 

Submitted on 2012/02/20 at 4:39 pm | In reply to K@oru.

မဝယ်ဖြစ်သေးပါဘူးကွယ်ပိုက်ပိုက်ချိန်နေရတယ်..။

ပုံတွေ.. ပွဲတွေ..လှုပ်ရှားမှုတွေကတော့.. သတင်းစာထဲ.. ဒေါင်းလုပ်လုပ်ပြီး..ကြည့်နော
အီးမေးလ်နဲ့ပို့လိုက်မယ်..။
ဒီလ.. မြန်မာ-အမေရိကန်လူ ၅၀ဝလောက်ပုံတွေပါမယ်ထင်တာပဲ.. အားလုံးလိုလို ဂရုဖိုတိုတွေ

အဲ..
အလှပန်းဆိုတဲ့ကဏ္ဍလည်းပါရဲ့..
မနက်ဖြန်ကျ..တင်ပေးမယ်

Submitted on 2012/02/15 at 5:51 am | In reply to Foreign Resident.

အောက်ကဘော်ဒီကို.။. ပြောင်းသပ်သပ်ဝယ်ရင်..ကောင်းမလား.. တွေးနေတာ
ပြီးခဲ့တဲ့လကုန်ကတင်.. ကားအာမခံတနှစ်စာ သွင်းလိုက်ရလို့.. ပိုက်ပိုက်က မရှိ
အင်း
ဒီရွာသားတွေနဲ့ပေါင်းပြီး..သူတို့ရိုက်တာတွေကြည့်ရင်တော့. ကိုယ်ပါလုပ်ချင်စိတ်နဲ့.. .မွဲကိန်းမြင်နေပါပြီ
သာဓုဒုက္ခ

Submitted on 2012/02/13 at 3:29 pm | In reply to etone.

@nozomi
သတင်းစာပီဒီအက်ဖ်တင်တဲ့..ဆာဗာက.. ပြီးခဲ့တဲ့..တပါတ်ကတင်.. လက်စွမ်းပြပြီး ကိုယ်ဖာကိုယ်အပ်ဒိတ်လုပ်လိုက်တာ.. ကြွသွားလေရဲ့
ဘယ်လိုလုပ်ရမလည်း ..တွေးနေ..စဉ်းစားနေတုံး..။

Submitted on 2012/03/01 at 12:01 pm | In reply to မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ.

ဟုတ်ပါတယ်..။
တခါတလေ.. ၈ပွိုင့်..။ တခါတလေ.. ၆ပွိုင့်.. တခါတလေ.. ၁ဝပွိုင့်..
ပို့စ်ပိုင်ရှင်မန့်ရင်ရတာက..တခါတလေ.. ဝ။ တခါတလေ.. ၄။..တခါတလေ.. ၂
နေ့စဉ်ပွိုင့်ကလည်း.. တခါတလေ..။ ၁၀။ တခါတလေ.. ၂၀

ပို့စ်တင်ရင်.. တခါတလေ.. ၃၀။ တခါတလေ.. ၄ဝ တခါတလေ.. ၁၀၀။ တခါတလေ.. ၁၂၀

ရွာထဲ..လူအဝင်အထွက်.. တင်တဲ့ပို့စ်..။ ဘက်ဂျက်အခြေအနေ.. စတာတွေနဲ့ ချိန်ပြီးလုပ်နေတာဖြစ်ပါကြောင်း..။

 

ဒီပို့စ်အစပိုင်းမှာ ပါတဲ့ကဗျာလေးကို ပြန်ကောက်ပါ့မယ်။

“သူကြီးအိမ်မြောက် ရွာသားဆောက်သည့်

ကွန်းထောက်ခိုရာ ကွပ်ပျစ်သာဝယ်”တဲ့

သူကြီး က နေရာပဲ ပေးခဲ့တာ ခင်ဗျ။ ကွပ်ပျစ်ကိုကျနော်တို့ ရွာသားတွေဘဲ ဆောက်ရမှာပါ။

(ရွာသူတွေကတော့ ရေနွေးကြမ်းလေး၊ လက်ဖက်သုတ်လေး၊ ထန်းလျှက်ချိုလေး တာဝန်ယူပေးပေါ့နော်

များလေကောင်းလေ …..ဟေဟေ.  …)

ကျနော်တို့ရွာ အတွက် ကျနော်တို့ ဆောက်မဲ့ကွပ်ပျစ်လေးကို သစ်ကောင်း ဝါးမွန်တွေနဲ့ဘဲ ဆောက်ကြရအောင်ပါဗျာ။ သစ်ဆွေး ဝါးယောင်း ပါနေခဲ့ရင် စောစောကတည်းက ဘေးဖယ်ပေးထားကြပါလား?

လူကြီးတွေစကားပြောလို့မောရင် ကလေးတွေတစ်လှည့် ကွပ်ပျစ်ပေါ်တက်  ဆော့ကြဦးမှာ ဟုတ်?

သူတို့လေးတွေ စိတ်ချလက်ချ ဆိုနိုင် ကနိုင်ဘို့ ကွပ်ပျစ်လေး ခိုင်မာတောင့်တင်းနေဘို့လိုပါတယ်။

ဆရာသစ် ခရီးမထွက်ခင်မှာထားခဲ့တဲ့ AWARENESS ပါ ဂေဇက်ကို မြတ်နိုး တန်ဘိုး ထားစေချင်ပါတယ်။

ဂေဇက်နဲ့ပတ်သက်ပြီး ကျနော့်ကို ထိန်းချုပ်ထားတဲ့ Own MOTTO လေးနဲ့ ရပ်တည် ရေးသားနေတာပါ။ လုပ်ငန်းခွင်မှာလဲ အသုံးချနေပါတယ်ခင်ဗျ။

အရင်ပို့စ်တစ်ခုမှာ ပြောပြထားတဲ့

မန ္တလေးဂေဇက်က ရွာသားတစ်ယောက်ဖြစ်နေလို့  ညံ့လို့မရဘူး၊ ညံ့ခွင့်မရှိဘူး ဆိုတဲ့စကားပါ။

(SOFT POWER ကိုရည်ညွှန်း)

အနီးကပ်ဆုံး ရောက်တဲ့နေရာက   “ ပြောင်း ကြပါစို့။

အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့

ကြီးကြီးကျယ်ကျယ်တိုင်းပြည်နဲ့ချီပြီးမပြောတော့ပါဘူးနော…..

သူကြီးတောင်းဆိုထားခဲ့သလို ကိုယ်ရေးတဲ့စာကိုကိုယ်ဘဲတာဝန်ယူပြီး

ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြစို့လား………

ကိုယ်သန်ရာသန်ရာပေါ့ —

 

ရွှင်လန်းချမ်းမြေ့ကြပါစေ

With respect,

Swal Taw Ywet.

25 comments

  • windtalker

    March 6, 2012 at 12:47 am

    အခုတလော ရွါထဲ အေးနေသလိုပါဘဲ

    • Thel Nu Aye

      March 6, 2012 at 3:33 pm

      ဟုတ်ပါ့။ တော်တော်အေးနေတယ်။ အားလုံးတပြိုင်နက်ထဲအလုပ်ရှုပ်နေကြပုံရတယ်။

  • padonmar

    March 6, 2012 at 12:52 am

    ဂေဇက်ရွာကြီး လှပအောင်
    ဒို့မောင်မယ်တွေ ဝိုင်းကြဝန်းကြ၊
    (ဟဲဟဲ)နှမ်းဖြူးပြီး သံချပ်ဆက်တိုင်ကြည့်တာ။
    စွယ်တော်ရွက်စာလေးက ကောင်းလွန်းလို့ ဖြည့်စွက်ရန်မရှိ။
    ကျောင်းတုံးက ကဗျာကတော့ ပြန်ရှာကြည့်ပါအုံးမယ်။

    “ဂေဇက်က စာတွေကို တန်ဘိုးထားလွန်းလို့ ဘယ်လိုသိမ်းဆည်းရမလဲလို့အကြံအိုက်နေရသူကကျနော်ပါပဲ။”
    ကျွန်မလည်း အကြံအိုက်ပါတယ်။post +comment တွေပါ တတွဲထဲ သိမ်းချင်တာပါ။
    ဂေဇက်မှာ ကောင်းတာ က ကွန်မန့်တွေလည်းပါပါတယ်။
    ကောင်းတဲ့ စာလေးတွေ ကွန်ပျူတာနား မနီးတဲ့ သူတွေကိုပြချင်တဲ့အခါ Print လုပ်ရပါတယ်။
    post တွေကို ကော်ပီ ပေ့စ လုပ်တဲ့အခါ တစ်ခါတလေ ကွန်မန့်တွေက avatar တွေပဲပေါ်ပြီး
    စာတွေမပေါ်တာတွေ့ရပါတယ်။ ကျွန်မရဲ့နည်းပညာ အားနည်းနေတာပဲဖြစ်မှာပါ။

    “အနီးကပ်ဆုံး ရောက်တဲ့နေရာက စ “ ပြောင်း ” ကြပါစို့။
    အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့ “
    ဒီစာလေးရဲ့ soft power ကိုလည်း ခံစားမိပါတယ်။

  • Khin Latt

    March 6, 2012 at 4:47 am

    မတူသောအမြင် နဲ့ သူများခံစား ထားတဲ့ ရွာ အကြောင်း ကို ဖျက်လိုဖျက်စီး လုပ်ရရင်တော့ 😉

    အရီးလဲ ရွာ ဆိုလိုက်တိုင်း ရွာနဲ့ပါတ်သက်တဲ့ ကျောင်းသင်ရိုးညွန်းတန်း ထဲက ဆရာ မင်းသုဝဏ် ရဲ့ “ဖိုးမောင် လာပြီ” ဆိုတာကို အမြဲပြေးပြီး သတိရတယ်။

    ဖိုးမောင် က တံငါလုပ်စားတာ။ ညလူခြေတိတ်ချိန်မှ ရွာအပြင်ထွက်ပြီး ငါးရှာရတာ။
    သူတို့ရွာက လဲ ရွာလုံခြုံရေး တံခါးစောင့် ရှိတယ်။
    မိုးချုပ်ရင် ရွာတံခါးပိတ်ပြီး စောင့်တယ်။
    ဖိုးမောင် ပြန်လာချိန်တော့ ဖွင့်ပေးတယ်။
    တစ်နေ့ ဓားပြတွေ က ဖိုးမောင်ကိုဖမ်းပြီး ရွာတံခါးကို ဖွင့်ခိုင်းတယ်။
    ဒါပေမဲ့ ဖိုးမောင်က ရွာတံခါး ကို လုံအောင်ပိတ်ပြီး လူစုပါလို့ သူ့အသက် အသေခံပြီး သတိပေးခဲ့တယ်။
    အဲဒီနောက် ဖိုးမောင် သေပြီး သန်းခေါင် ခွေးဟောင်သံ ကြားရင် ရွာသူ/သား တွေ က ဖိုးမောင် ကို သတိတရ ရှိကြမြဲ။
    လူသာသေတယ်၊ ရွာကို ဓားပြတွေ ဘေးဆိုးက လွတ်အောင် ကယ်ခဲ့တဲ့ နာမည်ကောင်း ကတော့ တစ်သက် ကျန်နေ တာ ရှိပုံလေး ဖွဲ့ထားတာ။

    ဘာမှတော့ မဆိုင်ဘူး။
    ကြုံတုန်း ခေါင်းထဲ သတိရတာလေး ဝင်ရွှီး သွားတာ။
    စိတ်မရှိနဲ့နော်။

    တကယ်တော့ မြန်မာပြည် မှာလဲ ဖိုးမောင် လို လူတွေ အများကြီး ပါဘဲ။
    ဓားပြ တွေ ကတော့ ရှက်သင့်ပါတယ်။

    “ဖိုးမောင် လာပြီ”

    မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍
    ရေဆိပ်အနား၊ ရွာတံခါးမှ
    ဂုပ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
    “ဖိုးမောင်လာပြီ” ဆိုကြသည်။

    ဟောင်သံရပ်၍
    ထက်ကြပ်ပေါ်လာ၊ အသံမှာကား
    “ညခါငါးထောင်၊ မောင်ဖိုးမောင်သည်
    ရွာတောင်ချောင်းက ပြန်ခဲ့ပြီ” ။

    ဖိုးမောင့်သံကြား၊ ကင်းသမားက
    တံခါးကြီးအောက်၊ မလွယ်ပေါက်ကို
    တစ်ယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်
    ယာတွင်အုပ်ဆောင်း၊ ဝဲတက်ချောင်းနှင့်
    ခါးစောင်းကိုယ်ကိုင်း၊ ငါးပလိုင်းကို
    လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်
    လူပင်လေလား၊ တစ္ဆေလား။

    တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ
    တစ်ယောက်တည်းပင် ညဥ့်မှောင်တွင်၌
    သူလျှင်ငါးရှာ၊ မကျွေးပါက
    ထိုရွာသူသား၊ လူအများတို့
    ငါးစို ငါးစိမ်း ငတ်ပေလိမ့်။

    ဆောင်းတစ်ည၌
    ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍
    ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ
    ဇီးကွက်ကအော်၊ တောက်တဲ့ကြော်စဉ်
    ရွာပေါ်လွှမ်းအောင်၊ ဂုပ်ကျားဟောင်သည်
    ဖိုးမောင် လာချိန်ပါတကား။

    သို့ဖြစ်သော်ငြား၊ ခါတစ်ပါးသို့
    တခါးဝင်လို၊ သူ မဆိုဘဲ
    “မောင်းကိုထုပါ၊ လူစုပါဟေ့၊
    ရွာကိုဘေးမှ၊ ကာကွယ်ကြလော့၊
    ဓါးပြငါ့အား၊ ဖမ်း၍ထား” ဟု
    စကားမဆုံး၊ ဟစ်အော်တုန်းတွင်
    ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည်
    ချောင်းယံပဲ့တင်ထပ်သတည်း။

    ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း
    ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍
    ပဲတင်ထပ်ကာ၊ ဟည်းလျက်ပါတည့်
    ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
    မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
    ရေဆိပ်အနား၊ ရွာတံခါးမှ
    ဂုပ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
    “ဖိုးမောင်လာပြီ” ဆိုဆဲပင်။ ။ 🙁

    မင်းသုဝဏ်

  • inz@ghi

    March 6, 2012 at 8:37 am

    ဟုတ်…
    သများ ဆင်ခြင်ပါ့မယ်ချင့်…
    သဂျီးဆာဗာ ကို ဒုက္ခပေးသလိုမဖြစ်အောင်
    ယနေ့မှစပြီး ပန်းသီးကို မီးဒုတ်ရှို့ တဲ့ အပြုအမူတွေ
    ဆင်ခြင်ပါ့မယ်ချင့်….

    (ရေးတော့ ရေးဦးမှာပါ….ဟိဟ….
    ဖတ်ဖြစ်လျင် …ပန်းသီး လွန်လွန်းလို့ကို ရေးတယ်မှတ်ပေးပါ…အာဟိ….)

    အန်ကယ်လ်လတ် …သများကို လိုက်ရိုက်နေပါတယ်ချင့်

    ဒက်ဂလောက် …ဒက်ဂလောက် …ဒက်ဂလောက် …
    😀

  • ရေးမှာ ရေးမှာ တင်လဲ တင်မှာ
    ဆာဗာကောင်းအောင်လုပ်ဘို့ နဲ့ ပိုက်ပိုက်ရှာတာ သူကြီးတာဝန်။
    တချို့များရေးမယ့်သူမရှိလို့တောင်လိုက်ဖိတ်နေရတာရယ်။

    • Swal Taw Ywet

      March 8, 2012 at 9:39 am

      Dear Ko Gi,
      Dear Ko Pauk,
      Both of your posts are valuable for MG.
      We can see easily your willing to share in your posts.
      Go ahead, brothers.
      With respect,
      Swal Taw Ywet.

  • TTNU

    March 6, 2012 at 9:15 am

    စွယ်တော်ရွက်ရေ…
    အခုမြန်မာလို ရိုက်တာကျွမ်းသွားပြီလား။
    ဂဇက်ရွာပေါ်ထားရှိတဲ့ သံယောဇဉ်လေပြေလေးကိုခံစားမိလိုက်ပါတယ်။

    • Swal Taw Ywet

      March 7, 2012 at 12:33 am

      Dear Teacher, TTNU,
      Thanks for your encouragement on me.
      Sorry, till now, I could not type Myanmar font.
      I write down on a paper, Scan, send by Email to Myanmar ,
      My friend who own an Internet cafe at Yangon give it to his staffs to type in Myanmar font, send back to me by Email , I copy it and paste on MG.
      I will try to type in Myanmar font ASAP.
      By the way, middle of May, 2012, I will arrive back to Mandalay.
      Please let me meet you.I will come with Ko Pauk.
      With respect,
      Swal Taw Ywet.

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 6, 2012 at 9:55 am

    ရွာလဲကောင်းစေချင်တယ် သိပ်တော့မရေးတတ်သေးဘူး ပွိုင့်တွေကဘယ်လိုအသုံးဝင်သလဲဆိုတာလဲမသိဘူး
    ရှမ်းပြည်သားသိတာက ရွာထဲမှာပညာရှင်တွေပေါတယ် မသိတာရှိရင်မတတ်တာရှိရင် သင်ကြားဆွေးနွေးလို့
    ရတယ်။ နားမလည်တာတွေကို အားလုံးကဝိုင်းညွှန်းပြပေးကြတယ်။ ဒီအတွက်မှတ်သားစရာရှိရင်မှတ်သားချင်
    တယ်။ အီးဘွတ်အဆင့်မြင့်နိုင်ရင်တော့အကောင်းဆုံးပါပဲ။ ပရင့်လုပ်ဖို့လည်းဝါဿနာပါတယ်။ သူကြီးအခက်
    အခဲတော့သိပ်နားမလည်ဘူး သူကြီးလည်းသူ့အခက်အခဲနဲ့သူတော့ရှိမယ်ထင်တယ်။
    ရှမ်းပြည်သားနားလည်တာသိပ်မရှိဘူး ရှမ်းပြည်သားသိတာ စာရိုက်နိုင်တယ် မေးနိုင်တယ် ဘယ်သူမှကိုယ်
    တင်မယ့်အကြောင်းအရာနဲ့တိုက်ဆိုင်ရေးသားထားခြင်းမရှိရင် ပို့စ်အနေနဲ့တင်မယ် ရေးပြီးသားရှိရင်ကွန်မန်း
    ပေးပြီးဆွေးနွေးမယ်။ ဒါပဲသိတယ် ……ဟိုမရောက်ဒီမရောက်ရေးသားကြတဲ့၊ ဟို….နဲနဲရိုင်းပျတဲ့ပို့စ်တွေကို
    တော့ရှမ်းပြည်သားတို့သိပ်လက်မခံတတ်ဘူး။ သိက္ခာရှိရှိနဲ့ပေါ်တင်မကျေနပ်ကြောင်းပြောလို့ရပါတယ်
    ဆဲဆိုတဲ့အပြုအမူတွေကိုတော့ ဂေဇက်ဆိုတာကမာ္ဘ့ရွာကြီးထဲကတစ်ရွာအပါအဝင်ဖြစ်တာကြောင့်
    ဂလိုဘယ်လိုက်ဇေးရှင်းအန်းတီးကပ်ဖ်ကိုတော့ လေးစားသမှုပြုစေချင်တာရှမ်းပြည်သားရဲ့သဘောပါ….
    ရှမ်းပြည်သားတို့ရှမ်းတောင်တန်းတွေမှာ တော့ပွင့်ပွင့်လင်းလင်းယဉ်ယဉ်ကျေးကျေးပဲ မကျေနပ်တာတွေကို
    ရှင်းတတ်တယ်။ ဂေဇက်ရွာကြီးကောင်းဖို့ဆိုရင် ရှမ်းပြည်သားလည်း ကိုစွယ်တော်ရွက်အဆိုအရ
    ပဲပုပ်ထောင်းနှင့်ဖရုံရွက်ရေလုံပြုတ်တစ်ခွက်တော့ ချက်နိုင်ပါကြောင်း……….
    With respect-
    Shan Pyi Tha(Southern)
    ကော်ပီရိုက်ပေးတယ်မလား နှစ်လွှာပေါင်းတစ်ရွက် ကိုစွယ်တော်ရေ……..

  • Moe Z

    March 6, 2012 at 10:13 am

    ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် 🙂

    တစ်ခါတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်းရှိပေမယ့် ကျောင်းထိုင်ဘုန်းကြီးမရှိလို့ စာမတတ်ပေမတတ်ဖိုးသူတော်တစ်ယောက်က ကျောင်းစောင့်ပေးနေတယ်တဲ့၊ အဲဒီကျောင်းဝင်းထဲမှာ ဘုရားလောင်းသုမေဓာရှင်ရသေ့က ဘုရားရှင်ကြွလာတဲ့လမ်းမှာ ခန္ဓာကိုယ်ကိုတံတားခင်းပြီးပါရမီဖြည့်နေပုံရုပ်တုရှိတယ်၊ ဘေးမှာလည်း ယသော်ဓယာလောင်း မိန်းမပျိုလေးက ကြာပန်းတွေကိုင်ပြီးဆုတောင်းနေတဲ့ရုပ်တုလည်းပါတယ်၊ တစ်ရက်မှာ ရွာထဲက ဘာမှမသိတဲ့မိန်းမကြီးတစ်ယောက်ကလာပြီး ဘာမှမတတ်တဲ့ဖိုးသူတော်ကို အဲဒီရုပ်တုတွေအကြောင်းမေးတော့ ကိုရင်လေးက ထန်းလျှက်ခိုးစားလို့ ဘုန်းကြီးကရိုက်နေတဲ့ပုံတဲ့၊ ဘေးကလက်အုပ်ချီပြီးတောင်းပန်နေတာ ကိုရင်လေးအမေတဲ့၊ ဒါနဲ့အဲဒီမိန်းမကြီးကလည်း ဇာတ်လမ်းလေးကိုသဘောကျပြီး ကိုရင်လေးကိုသနားနေပါတယ်တဲ့၊
    နောက်တော့ အဲဒီရွာကိုစာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဘုန်းကြီးတစ်ပါးကျောင်းထိုင်ဖို့ကြွလာတယ်၊ ဖိုးသူတော်ရဲ့ဇာတ်လမ်းကိုနားထောင်ထားတဲ့ မိန်းမကြီးက ဂရုဏာရသကိုထပ်ပြီးခံစားချင်လို့ထင်ရဲ့ ဘုန်းကြီးကို အဲဒီရုပ်တုတွေအကြောင်းထပ်မေးတယ်၊
    ဘုန်းကြီးက ဘုရားလောင်းပါရမီဖြည့်တဲ့ဇာတ်လမ်းကိုပြောပြတော့ မိန်းမကြီးကမှတ်ချက်ပေးတယ် ဘုန်းကြီးဇာတ်လမ်းက ဖိုးသူတော်ရဲ့ဇာတ်လမ်းလောက်မကောင်းဘူးတဲ့ 😀

    (ဒီပို့စ်လေးဖတ်ပြီး မဆီမဆိုင် အဲဒီပုံပြင်လေးကိုသတိရသွားလို့ ပို့စ်နဲ့မဆိုင်ရင်ခွင့်လွှတ်နော်) 😉

    • inz@ghi

      March 6, 2012 at 10:28 am

      ဝမ်းဘီလျံဖန်းစ် အော့ဖ် ဖေ့စ်ဘုတ် ဝုန့် ဂိုးရွောင်း …
      😀
      LOL

  • water-melon

    March 6, 2012 at 11:05 am

    မှန်ပါ့ အခုတလော ရွာထဲမှာအေးနေသလိုဘဲ
    ကျွန်တော်လဲ ပို့စ်တွေဖတ်ရတာ စိတ်မပါဘူး
    ဘာလိုနေလို့လဲမသိ
    စိန်ပေါက်ရေ ညည်းဘယ်ပျောက်နေလဲဟင်
    ဟွန့် 😥
    ရွာကြီးစည်ကားအောင်လုပ်ကြပါအုန်း။

  • Thel Nu Aye

    March 6, 2012 at 3:57 pm

    မှန်ပါ့။ သဂျီးရေရွာထဲစည်သွားအောင်ပျော်ပွဲရွှင်ပွဲလေးများလုပ်မပေးချင်ဘူးလား။ သများတို့ပျင်းနေတယ်။

  • အပေါ်က နှစ်ယောက် ပြောသလို …
    သများလည်း အခုတလော ပျင်းခြောက်ခြောက်ကြီးတော်ရေ …
    ကိုသဲနု ကြောသလို အဟီး .. သဂျီးက ပိုက်ပိုက် ကုန်ကြောင်း ပြောဘဲနဲ့ လုပ်ပေးရင် ကောင်းမီလားလို့ …
    😀 😀
    _____________________________
    ကိုစွယ်တော်ရွက် ခင်ဗျာ …
    ကိုယ်ပိုင် ကွန်ပျူတာနဲ့ အင်တာနက် သုံးတာဆိုရင်တော့ Browser တွေအတွက် pdf လုပ်ပေးတဲ့ Add-on တွေ ရှိပါတယ် ခင်ဗျာ …
    webpage တစ်ခုလုံးကို လွယ်လင့်တကူ pdf အဖြစ် ပြောင်းလဲပြီး Save နိုင်ပါတယ်။
    အဲဒီ add-on တွေကို ရှာပြီး install လုပ်လိုက်ပေါ့ဗျာ …။ ဒါက အလွယ်နည်းလေးပါ။
    Firefox မှာဆို PdfIT ဆိုတဲ့ Add-on ကို ကျနော် သုံးတယ်ခင်ဗျ။ အဲဒီ add-on ရဲ့ အားနည်းချက်ကတော့ pdf ထဲက စာတွေကို ပြန်ပြင်လို့တော့ ရဘူးရယ် … ။

    https://addons.mozilla.org/en-US/firefox/addon/pdfit/

    အကယ်၍ Chrome သုံးတယ် ဆိုရင်တော့ စာတွေပါ ပြန်ပြင်လို့ ရတဲ့ pdf extension တွေ ရှိပါတယ် ခင်ဗျ။ နာမည်တော့ မှတ်မိဘူးဗျာ … ဒီမှာ ရှာကြည့်လိုက်ပါတော့ …

    https://chrome.google.com/webstore/category/extensions

    • Swal Taw Ywet

      March 7, 2012 at 12:41 am

      Dear Brother,မဟာရာဇာ အံစာတုံး,
      Really thank you.
      Now I got PdfIT.
      Tested and found out that it is good.
      Ma Ma Padonma,
      Do you copy this information?

      With respect,
      Swal Taw Ywet.

  • Green Rose

    March 6, 2012 at 10:03 pm

    မန္တလေးဂေဇက်ရွာကြီးကို အကောင်းဆုံးဆိုတာမျိုးဖြစ်စေချင်နေတဲ့ စွယ်တော်ရွက်ရဲ့ စေတနာကို မြင်မိပါတယ်။ Green Rose လည်း ဒီလိုပါပဲ။ အဲဒါကြောင့်လည်း သက်သက် လာရှုပ်နေတယ်လို့ ထင်ရတဲ့ တချိုု့ ပို့စ်တွေဆိုရင် ဖတ်ပြီးစိတ်တိုမိတယ်။ ဟိုတနေ့ကလည်း Post တစ်ခုမှာ MG မှာ filter (သို့) anti-virus လိုနေပြီလို့ comment ဝင်ပေးမိတယ်။ ပေးပြီးမှ ပြန်တွေးမိတာက ကိုယ်မကြိုက်တာနဲ့ မရေးပါနဲ့လို့ တားတာက မမှန်ဘူးလို့ထင်ပါတယ်။ အထူးသဖြင့် MG လို နေရာမျိုးမှာ ပိုပြီးမဖြစ်သင့်ပါဘူး။ လွတ်လပ်ခွင့်ရှိရမယ်လေ။ စွယ်တော်ရွက်ပြောထားသလိုပဲ ဟင်းခွက်စုံတဲ့ နေရာတစ်ခုလို့ ယူဆကြည့်လိုက်ရင် ကိုယ်မကြိုက်တဲ့ ဟင်းကို ကိုယ်မစားယုံပေါ့။ ကြိုက်တဲ့သူစားပါစေ.. ကြိုက်တဲ့သူမရှိရင်လည်း နောက်ဆုံး အဲဒီ့ ဟင်းခွက်ပိုင်ရှင်က သူယူလာတဲ့ဟင်း သူ့ဖာသာ စားချင်စား.. သွန်ချင်သွန်ပေါ့။ ဒီမိုကရေစီရှိရမယ်လေ။ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တော့ လေးစားရမယ်လေ..၊ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေကြတယ် ဟုတ်? အခု Green Rose က MG က ရွာသူရွာသားတွေအတွက် ငြုပ်သီးစိမ်း တစ်ပန်းကန် ယူလာပါတယ်။ စားကြပါရှင့်… (ဟီး.. အိမ်မှာ ဒါပဲရှိလို့ပါ။ ၁ လလောက် စာရေးလိုက်တာ သူကြီးဆီက ငွေ ၄၀၀ဝ ကျော်ပဲရလို့ )

  • Khin Latt

    March 7, 2012 at 4:57 am

    Pooch ရဲ့ မှတ်ချက် ကို အတော်လေး သဘောကျမိလို့ ထပ်ပြီး မဆီမဆိုင် တာ အားဖြည့်ပါဦးမယ်။
    ဒီနှစ် အော်စကာ မှာ တကဲ့ထိပ်တန်း ဇာတ်ကားဆု၊ ဒါရိုက်တာဆု နဲ့ မင်းသားဆု တို့ ရခဲ့တဲ့ The Artist ဇာတ်ကား ရဲ့ တကဲ့ ဖြစ်ရပ်မှန်ပါ။
    ယူကေ ရဲ့ နာမယ်ကြီး ဘော်လုံးအသင်း ရဲ့ မြို့ Liverpool မှာ ဇန်နဝါရီ လ ထဲမှာ အဲဒီကား ကို ပြခဲ့ပါတယ်။
    အဲဒီမှာ ရုပ်ရှင်လဲ ပြီးရော ပရိတ်သတ်ကြီး တစ်ချို့ ထံမှ ရုပ်ရှင်ရုံ ကို ပိုက်ဆံ ပြန်အမ်းဖို့ တောင်းဆို လို့ ပြန်အမ်းပေးခဲ့ရပါတယ်။
    အကြောင်းကတော့ – ရုပ်ရှင် က အသံလဲမပါ၊ အရောင်လဲ မပါ၊ လို့ပါတဲ့။ 😉
    http://www.guardian.co.uk/film/2012/jan/18/the-artist-silent-film-refunds

    ဒီလိုပါဘဲ လူတွေဆိုတာ ဒီလို လဲ ပုံစံ စုံ နေလို့ လုံးဝန်း နေတဲ့ အရာကြီး ပေါ် မှာ ဟန်ချက်ညီညီ နေနိုင် နေတာလို့ ထင်တာ ပါဘဲ ကွယ်။
    ဒီတော့ ရွာထဲ မှာလဲ ပုံစံမျိုးစုံ မရှိ ရှိအောင် ကို ဖန်တီး သင့်ပါတယ်။ မဟုတ်လား။
    ဆာဗာကိစ္စ ကိုတော့ တွေးမနေပါနဲ့တော့။
    တကယ်တော့ တို့တွေ သူကြီး က ခေသူ မဟုတ်ပါလေ။

    ဒီလို စေတနာ စာလုံး လေးတွေ သီခဲ့တဲ့ စွယ်တော်ရွက် ကို လေးစားပါတယ် ကွယ်။

    စွယ်တော်ရွက် ပြောတဲ့ ကဗျာ ကလဲ ကျောင်းသင်ရိုး ထဲကဘဲ။
    အရီး လဲ မှတ်မိတယ်။ အရီးတို့ ကျောင်းတုန်း က ဆရာမ တွေက အသေအချာ မျက်စိထဲ ပေါ်အောင်ကို ရှင်းပြတတ်တော့ စိတ်ထဲ မှာ စွဲကျန်ခဲ့တဲ့ စာတွေပေါ့။
    မနေ့ည က ရှာမရလို့ သတိရတဲ့ “ဖိုးမောင်” ကို ဘဲတင်လိုက် ရတယ်။
    ဒီည တော့ မရမ က ရှာ ရင်း တွေ့ပြီ။
    “လက်ဘက်ရည်ကြမ်းဝိုင်း” ရေးသူ – ဗန်းမော်ညိုနွဲ့။
    Credit to – http://www.owaymyo.net/?p=17

    “လက်ဘက်ရည်ကြမ်းဝိုင်း”

    လရောင်ဆမ်း၍
    ရွာလမ်းမြေမာ၊ ဝင်းဝင်းဝါ၏။
    အုန်းထန်းပေလက်၊ တမာရွက်တို့
    ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။
    တရံတခါ ၊ လေအလာတွင်
    ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ
    ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။

    သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်
    ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်
    ရွာမှသက်ကျား ၊ ရွယ်အိုများတို့
    စကားဆိုမြည် ၊ ဝိုင်းကြီးစည်၏။

    ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်
    မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။
    ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်
    အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။
    ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌
    ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။

    ဤနေရာသည်
    ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်
    ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။

    ဤနေရာသည်
    သူငါတို့စမ်း ၊ ဟာသခန်းဖြင့်
    ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။

    ဤနေရာသည်
    ပညာစောကြော၊ တုံ့လှယ်ပြော၍
    နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

    လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်
    စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ
    ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍
    ဖန်းဆင်းခဲ့ကြဘူးလေပြီ။

    ဗန်းမော်ညိုနွဲ့

    PS – ရွာစည်ဖို့ ကတော့ သက်ကြားအို တွေက သိပ်လုပ်ပေးနိုင်မယ် မထင်ဘူး။
    အတို၊ အပြတ် လေးတွေ ပါမှ ထင်ပါရဲ့။ 😀

    • Swal Taw Ywet

      March 23, 2012 at 11:28 am

      Dear Aunty Khin Latt,
      Thanks for your fulfill.
      Really thanks you.
      Now I saved it and keep not only in my computer but also in my heart.
      Let’s try our best for our mother land.
      Just start from MG. OK?

      With respect,
      Swal Taw Ywet.

  • padonmar

    March 8, 2012 at 11:48 pm

    ဂိုက်ဆရာ မောင်မောင်အံရဲ့ လမ်းညွှန်လေးတွေ ရော မလတ်ရဲ့ လက်ဖက်ရည်ကြမ်းဝိုင်းရော ကူးသွားပါတယ်။
    စွယ်တော်ရွက်က ဒီကဗျာကို အလွတ်ရသေးတယ်ပေါ့နော(အံ့ဖွယ် ဦးနှောက်ပါပဲ)

    • Swal Taw Ywet

      March 23, 2012 at 11:31 am

      Yes, Ma Ma Padonma,
      Because of our teacher ( Daw Khin Win, SHS 1, Mandalay ).
      Thanks you.

      With respect,
      Swal Taw Ywet.

  • padonmar

    March 8, 2012 at 11:56 pm

    စွယ်တော်ရွက်ရဲ့ စကားလုံးတွေ ကျွန်မ post အသစ်မှာ ယူသုံးလိုက်ချင်ပါတယ်။
    (အနီးကပ်ဆုံး ရောက်တဲ့နေရာက စ “ ပြောင်း ” ကြပါစို့။
    အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့)
    ဆိုတာလေးပါ။

    • Swal Taw Ywet

      March 9, 2012 at 1:39 am

      Why Not? Ma Ma Padonma,
      Yes, you can.
      Thanks for encourage me.
      With respect,
      Swal Taw Ywet.

  • Gipsy

    March 23, 2012 at 11:44 am

    မနက်တိုင်း မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ နှုတ်ခွန်းဆက်ခဲ့ပါတယ်…၊
    ညတိုင်း မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ အိပ်မက်မက်ခဲ့ပါတယ်……၊
    နေ့တိုင်း မှာ မျှော်လင့်ခြင်းတွေနဲ့ ပဲ တစ်ရက်ခြင်းဖြတ်ခဲ့ပါတယ်….၊
    အရာရာတိုင်း မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ ပျှော်ရွှင်တတ်ခဲ့ရပါတယ်….၊
    အရာရာတိုင်း မှာ မျှော်လင့့်ခြင်းဘဝကလဲ နောက်ဆုံးတော့ နတိ္ထပါပဲ….။

  • Swal Taw Ywet

    October 3, 2013 at 12:55 pm

    ရွာကွပ်ပျစ်လေးဖြစ်အောင် ကြိုးစားနေရင်း ဟိုးးးတချိန် ကာတာနိုင်ငံမှာရှိနေစဉ်က ကြိုးစားတင်ခဲ့ရတဲ့ ဒီပို့လေးကို သတိရလာလို့ မန်းပြီးပြန်တင်ပေးလိုက်တာပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေ။
    With respect,
    Swal Taw Ywet.

Leave a Reply